မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒ
ဓမ္မကထိကဗဟုဇနဟိတဓရ၊ ကမ္မဋ္ဌာနာစရိယ
မဟာစည် နယ်လှည့်ဓမ္မကထိက၊ သာသနတက္ကသီလဓမ္မာစရိယ
B.A. (Buddhism)
M.A. (Buddhist Studies, Magadha University, India)
Ph.D (Sanskrit University, India)
ထေရုပ္ပပတ္ထိအကျဉ်း
မဇ္ဈိမဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာကြီး၏ ပဓာန နယက ဆရာတော်သည် ၁၃၂၆ခု၊ ပြာသိုလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကံမောက်ကြီးကျေးရွာနေ ခမည်းတော် ဦးဘိုနီနှင့် မယ်တော် ဒေါ်အေးရီတို့မှ မွေးဖွားသန့်စင်သော သားရတနာဖြစ်ပါသည်။
အသက်(၉)နှစ် အရွယ်တွင် ကံမောက်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ (သာသနဓဇ ဓမ္မာစရိယ B.A.)ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၁၃၄၆ခု၊ ဥိးတန်ခူးလပြည့်ကျော် (၅)ရက်နေ့တွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ် ဦးဘိုကေ+ဒေါ်ကျင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မန္တလေးမြို့ ဘုရားကြီးတိုက် ရှမ်းပွဲအုဋ္ဌ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယကို ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
ပညာသင်ယူခဲ့သော ကျောင်းတိုက်များမှာ မန္တလေးမြို့ ဘုရားကြီးတိုက်၊ မြောင်းမြမြို့ ဝေဠုဝန်ကျောင်းတိုက်၊ အင်းစိန်မြို့ ရွာမ ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဓမ္မိကာရုံပါဠိသက္ကသိုလ်ကျောင်းတိုက်တို့၌ အခြေခံမှစ၍ ဓမ္မာစရိယဆိုင်ရာ စာပေများကို ဆရာတော် အသီးသီးထံတွင် သင်ယူလေ့လာဆည်းပူးခဲ့ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ပါသည်။

