ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ
အစိုးရ ဓမ္မာစရိယ၊ ပရိယတ္တိ သဒ္ဓမ္မပါလ ဓမ္မာစရိယ၊
ပရိယတ္တိ သဒ္ဓမ္မပါလ ဂန္ထဝါစကာစရိယ၊
ပရိယတ္တိသာသနဟိတ ဂဏ၀ဝါစကအာစရိယ၊
ခုဒ္ဒကနိကာယ ဝိနယဝိသာရဒ ပိဋကတ္တယပါရဂူ၊
ပဉ္စနိကာယဏ္ဏဝ ပိဋကတ္တယပါရဂူ (ကျောက်တစ်လုံးတောရ)
ထေရုပ္ပပတ္ထိအကျဉ်း
အရှင်ဝါသေဋ္ဌာဘိဝံသသည် ရန်ကုန်တိုင်း ခရမ်းမြို့နယ် စွယ်ကတော့ရွာတွင် ၁၉၅၅ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက် ဗုဒ္ဓဟူးနေ့တွင် အဖဦးဘရီ၊ အမိဒေါ်မြရှင်တို့မှ ဆဌမမြောက် သားရတနာအဖြစ် ဖွားမြင်သန့်စင်ခဲ့ပါသည်။
၁၉၇၅ခုနှစ် သက်တော် (၂၀) တွင် ရန်ကုန်တိုင်းသန်လျှင်မြို့နယ် ကြက်တွင်းတောင်ကျောင်း ဆရာတော် ဦးကေသရထံတွင် ဥပဇ္ဈယ်ပြု၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါသည်။
ဆရာတော်သည် သံလျှင်မြို့နယ်တွင် တစ်ဝါ၊ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်တောရတွင် နှစ်ဝါ၊ မဲဇလီကုန်းမြို့နယ် လေးကြီးတောရတွင် တစ်ဝါ၊ မွန်ပြည်နယ် ဘီးလင်းမြို့တောင်စွန်း ဓမ္မဒူတတောရတွင် (၁၉)ဝါ၊ ပေါင်မြို့နယ် ကျုံကရွာ သပိတ်အိုင်တောရတွင် နှစ်ဝါ သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိ ပဋိပတ္တိ တို့ကို ကြိုးစား ကျင့်ကြံ အားထုတ်ခဲ့ပါသည်။
ဆရာတော်သည် ယခုအခါတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တစ်လုံးတောရကျောင်းတိုက်တွင် ပဓာနနာယကဆရာတော်အဖြစ် တာဝန်ယူပြီး ရဟန်းရှင်လူ ပရိသတ်သို့အား တရားစခန်းများဖွင့်လှစ်၍ ဓမ္မနုပဿနာ သတိပဋ္ဌာန် လုပ်ငန်းစဉ်တရားများကို ဟောပြောပြသပေးနေသည့်အပြင် ဓမ္မစာပေ စာအုပ်များကိုလည်းရေးသားပြီး သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်လျက်ရှိပါသည်။

