ဓမ္မစာမျက်နှာ (၂၆)
ဓမ္မအနှစ် ဓမ္မစကား- သဘောခန္ဓာ ရှုရမှာ-
PLECK CLICK SAYADAW PICTURE TO READ PDF.
မြင်အောင်ရှု- မုန်းအောင်ရှု-ဆုံးအောင်ရှု
၁)သဘာဝ နှင့် သာမည လက္ခဏာ ဝိပဿနာဉာဏ်ကူသုံးရမည်။
ပထဝီ၊အာပေါ၊ တေဇော၊ ဝါယော မဟာဘုတ် ၄ ပါး
သဘာဝ လက္ခဏာ ဖြစ်သော ရုပ် ဓာတ် ၄ ပါး  ( ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ) တို့ ၏ ဖောက်ပြန်မှု ( တင်းမာမှု၊ ပျော့ ပြောင်းမှု၊ ပူမှု ၊ အေးမှု ၊ ထုံမှု ၊ ကျင်မှု၊ ကြမ်းတမ်းမှု၊ နူးညံ့ မှု၊ လေးမှု၊ ပေါ့ မှု) နှင့် နာမ် တရားတို့ ၏ သိမှု၊ စိတ်ကူး ၊ စိတ်ပျက် ၊ ပျော်ရွှင် ၊ ငြီးငွေ့  ၊ တွေးကြံ ၊ ပျံ့ လွင့် ၊ တက်ကြွ ၊ ဆုတ်နစ် ၊ ပျင်းရိ ၊ မနာလို ၊ ဝန်တို မှုအစရှိသည် တို့ ကိုသိရမည်။
သာမည လက္ခဏာ ဖြစ်သော ရုပ်တရား ၊ နာမ်တရားများသည်  ဖြစ်ပေါ်ရန် အကြောင်းရှိလျှင် ဖြစ်ပေါ်လာကာ ချက်ခြင်းပင် ချုပ်ပျောက်သွားသည့် အနိစ္စ (အမြဲမရှိ)
ထို ဖြစ်မှု ပျက်မှု သဘောများသည် တရစပ် အဖန်ဖန် နှိပ်စက်နေသည့် အတွက်ကြောင့်  ဒုက္ခ ( ဆင်းရဲခြင်းအစစ်)၊
ပျက်စီးမှု ၊ နှိပ်စက်မှု များကို မိမိသဘောအတိုင်း တားဆီး မရသဖြင့် အနတ္တ ( အစိုးမရ) ဟူ၍ လက္ခဏာ ၃ ပါးဖြင့်အကြိမ်ကြိမ် အဖန်ဖန်ဉာဏ်ဖြင့်ဆင်ခြင်ပွားများရမည်၊
သတိ နှင့် ဥာဏ် တွဲ ရမည်။ ခန္ဓာ့ ဖြစ်စဉ်ကို  ဥာဏ်နှင့် ယှဉ်၍ သတိဖြင့်ကြည့်ပါ။
ဘူတံ ဘူတတော ပဿတိ၊ (ဟုတ်မှန်သော သဘောကို အဟုတ်အမှန် အတိုင်း သိအောင်သတိထားပြီး ရှုမြင်ရမည်)
ဝိပဿနာဉာဏ် အမြင်မှန် လျှင်မြန်စွာရရန် သိသင့်သောအချက်များ
အဘိဓမ္မာကျကျရှင်းပြရလျှင်
အာရုံနှင့် ဒွါရ တိုက်ချိန် - ခန္ဒာ ၅ ပါး ဖြစ်ရသည် ။
အာရုံ ၆ ပါး ရှိသည်၊ ( အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ တွေ့ ထိမှု၊ တွေးတောကြံစည်မှု)
ဒွါရ ၆ ပါး  ရှိသည်၊ ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနော)
ခန္ဒာ ၅ ပါး =ခန္ဓာအပေါင်းအစုဖြင့် ပြောရလျှင် - ရူပက္ခန္ဓာ(ရုပ်)၊ ဝိညာနက္ခန္ဓာ  ( စိတ်) ၊ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ( စေတသိက်)
အတိုဆုံးရှင်းပြရလျှင်-  ရုပ် နဲ့ နာမ် ဖြစ်ရသည်။(ပရမတ်သက်သက်မျှသာ)
ရုပ် ( ဟဒယဝတ္ထု) ကိုမှီပြီး ဝိညာဉ် ( စိတ်အာရုံကိုသိခြင်း ) ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ( စေတသိတ် ၅၂ ပါး) ဖြစ်၏
ပို၍ ရှင်းအောင်ပြောရလျှင် အာရုံနဲ့ ဒွါရ တိုက်ချိန်- ပရမတ္တတရားဖြစ်သော ရုပ်၊ စိတ်၊ စေတသိတ် များသာဖြစ်နေကြသည်၊
ရိုးရိုးလေးလက်တွေ့  ကျကျရှင်းပြရလျှင်
အာရုံနဲ့ ဒွါရ တိုက်ချိန် - အာရုံကိုသိသောသဘောဖြစ်ပေါ်ရသည်။ တနည်း -အပွင့်ဓာတ် ( သို့ )ဝိဥာဏ်စိတ် ( သို့ ) အသိစိတ်ကလေးဖြစ်လာသည်၊
မျက်စိ            အဆင်း               အလင်း               မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ   မြင်သိစိတ် ဖြစ်သည်။
နား               အသံ            အာကာသဓာတ်               မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ  ကြားသိစိတ် ဖြစ်သည်၊
နှာခေါင်း          အနံ့           လေ ( ဝါတ ) ဓာတ်     မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ   နံသိစိတ် ဖြစ်သည်။
လျှာ          အရသာရှိသောအစာ         ( အာပ)လျှာရည်       မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ အရသာသိစိတ် ဖြစ်သည်။
ကိုယ်အကြည်    ထိတွေ့ မှု       ပထဝီဓာတ်          မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ ထိသိစိတ် ဖြစ်သည်။
စိတ် ဝိဥာဏ်စိတ် ၆ ပါး အကြောင်းဆုံက ပေါ်လာကြ
အဆင်းနှင့် မျက်စိ တိုက်၍ - မြင်သိစိတ်ဖြစ်ရသည်၊( အကြောင်း ၄ ခုဆုံရမည်- အဆင်း၊ မျက်စိ၊  အလင်း၊နှလုံးသွင်းမှု၊)
ထို့ နည်းတူ အသံ  နှင့် နား တိုက်၍  - ကြားသိစိတ်ဖြစ်ရသည်၊( အကြောင်း ၄ ခုဆုံရမည် -အသံ၊ နား၊ အာကာသဓာတ်၊ နှလုံးသွင်းမှု)
နှာခေါင်း နှင့် အနံ့ တိုက်၍ နံသိစိတ်ဖြစ်ရသည်။(အကြောင်း ၄ ခုဆုံရမည်-အနံ့ ၊ နှာခေါင်း၊ လေ(ဝါတ) ဓာတ်၊ နှလုံးသွင်းမှု၊)
လျှာနှင့် အရသာ ထိတွေ့ ၍  ရသာသိစိတ်ဖြစ်ရသည်။ (အကြောင်း ၄ ခုဆုံရမည်-အရသာ၊ လျှာ၊ (အာပ) လျှာရည်၊ နှလုံးသွင်းမှု၊)
ကိုယ်နှင့်ထိတွေ့ မှုကြောင့် ထိသိစိတ်ဖြစ်ရသည်။ (အကြောင်း ၄ ခုဆုံရမည်- တွေ့ ထိစရာ၊ကိုယ်အကြည်၊ ပထဝီဓာတ်၊နှလုံးသွင်းမှု၊)
မနောဘဝင်နှင့်  ဓမ္မာရုံ ကြောင့် တွေးတောကြံစည်စိတ်ဖြစ်ရသည်၊ (အကြောင်း၎ခုဆုံရမည်-နှလုံး-မန- ဓမ္မ-နှလုံးသွင်းမှု)
( အခံဓာတ်)        (အတိုက်ဓာတ်)          ( အပွင့် ဓာတ်)
ဒွါရ ၆ အာရုံ ၆ ဝိညာဏ်  ၆
စက္ခုဓာတ်           ရူပ ဓာတ်               စက္ခုဝိညာဏ ဓာတ်
သောတဓာတ်      သဒ္ဒဓာတ်              သောတဝိညာဏ ဓာတ်
ဃာနဓာတ်         ဂန္ဒဓာတ်                ဃာန ဝိညာဏ ဓာတ်
ဇီဝှာ ဓာတ်          ရသ ဓာတ်             ဇီဝှာ ဝိညာဏ ဓာတ်
ကာယ ဓာတ်       ဖောဋ္ဌဗ္ဗဓာတ်          ကာယ ဝိညာဏ ဓာတ်
မနော ဓာတ်         ဓမ္မ ဓာတ်             မနော ဝိညာဏ ဓာတ်
၂)အကြောင်းအကျိုးဆင်ခြင်
အကြောင်းတိုက်ဆိုင်မှသာလျှင် အကျိုးဖြစ်ပေါ်ရသည်၊ အလကားသူ့ အလိုလို ပေါ်လာခြင်းမဟုတ်၊မည်သူတဦး တယောက်ကမှ ဖန်ဆင်းလိုက်ခြင်းမဟုတ်၊ အကြောင်းကင်း၍ ဖြစ်သောအကျိုးမရှိဟုသိထားရမည်၊
အကြောင်းတရားမရှိဘဲ အကျိုးတရားမဖြစ်၊ အကျိုးတရားသည်လည်း အကြောင်းနှင့် ကင်း၍မဖြစ်နိုင် ဟုအဖန်ဖန် သတိချပ်ပါလေ၊
စိတ်နောက်ရုပ်လိုက်၊ ရုပ်ကြောင့် စိတ်ဖြစ်၊
စိတ်နောက် ရုပ်လိုက်ဆိုရာတွင်
သွားချင်စိတ်ကြောင့် သွားရသည်၊ ထိုင်ချင်စိတ်ကြောင့် ထိုင်ရသည်၊ ဝမ်းနဲ စိတ်ကြောင့် ရုပ်မှာမျက်ရည်ကျငိုကြွေးရသည်၊
စိတ်ကြောင့်ဖြစ်သော လျောင်း၊ထိုင်၊ ရပ်၊ သွား ရုပ်များ
စိတ် ကြောင့်ပြုံးရယ်သောရုပ် စိတ်ကြောင့် ငိုကြွေးစေသောရုပ်
ရုပ်ကြောင့် စိတ်ဖြစ်
ရုပ်၏ဖောက်ပြန်မှုကို စိတ်ကခံစားသိရသည်၊ ရုပ်၏နာကျင်ကိုက်ခဲမှုကို စိတ်ကခံစားနေရသည်၊
ရုပ်နှင့် နာမ် အချင်းချင်းအမှီပြုလျက် ဖြစ်ကြရသည်ဟုဆင်ခြင်ပါ၊ ရုပ် ၂ ခုတိုက်၍ စိတ်ဖြစ်လာရသည်ကို မြင်အောင်ကြည့်ပါ၊
ရုပ် ×   ရုပ်   ------      စိတ်
မျက်စိ-အဆင်း-အလင်းရောင်-နှလုံးသွင်းတို့  ပေါင်းဆုံမိခြင်းကြောင့် မြင်သိစိတ်။ မြင်သိသဘောသက်သက်မျှသာ၊
နား-အသံ-ဟင်းလင်း-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ကြားသိစိတ်၊ ကြားသိသဘောသက်သက်မျှသာ၊
နှာခေါင်း-အနံ့ -လေ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် နံသိစိတ်။ နံသိ သဘောသက်သက်သာ၊
လျှာ-အရသာ-ရေ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ရသာသိစိတ်၊ ရသာသိ သဘောသက်သက်လေးသာ၊
ကိုယ်-အတွေ့ - မြေ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် ထိသိစိတ်၊ ထိသိ သဘောသက်သက်လေးသာ၊
နှလုံး-မန-ဓမ္မ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ကြံသိစိတ်၊ ကြံတွေးသိ သဘောသက်သက်မျှသာ၊
၃)သဘောသက်သက် ပရမတ်ကိုမြင်- အရှိကိုသာ သိနေပါ
ထိုဖြစ်ပေါ်လာသော အသိစိတ်ကလေးသည် သဘောသက်သက်သာဖြစ်သည်၊ သဘောခန္ဓာ သာဖြစ်သည်၊ ဓာတ်သဘောမျှသာဖြစ်သည်။
ကိုင်တွယ်ပြ၍မရ၊ ပုံသဏ္ဍာန်မရှိ၊ အရောင်မရှိ၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟုလဲမဆို၊  စကားလဲမပြော၊ သိသဘောသက်သက်လေးသာ ခဏပေါ်ကာ ချက်ခြင်းချုပ်ပျက်သွားလေသည်၊
ဥပမာ- အချိုမုန့် တခုကိုစားလိုက်လျှင်- ချိုသောအရသာသိစိတ်ဖြစ်လာမည်၊ ဥာဏ်ဖြင့်စမ်းစစ်လိုက်ပါက- ချိုသဘောလေးကို လက်ဖြင့်လဲ ကိုင်ပြ၍မရ၊ မည်သည့် ပုံသဏ္ဍာန်ရှိသည်ကိုလဲမဖြေနိုင်၊ မည်သည့်အရောင်ရသည်ကိုမမြင်ရ၊ ၊ ပုဂ္ဂိုလ်သတ္တဝါလဲမဟုတ်၊ ငါ၊ သူတပါး၊ယောက်ျား၊မိန်းမဟုလဲမဆို၊ စကားလဲမပြော၊ ချိုမှုကိုသိသောသဘောဓာတ်ကလေးသာပင်၊
ပရမတ်ကိုမြင်နေခြင်းပင်၊ ပရမတ်တို့ သည် ကိုင်တွယ်ပြ၍မရ၊ သဘောသက်သက်မျှသာဟု သိနိုင်သည်၊ သို့ သော် အမှန်တကယ်ရှိ၏၊
သမ္မုတိသစ္စာနယ် တွင် ပညတ်သမုတ် အခေါ်အဝေါ် အမည်နာမအများသုံးသော်လည်း ဝိပဿနာအားထုတ်ရာမှာ ပညတ်ကို ပယ်ခွာရှုနိုင်မှ သက္ကာယဒိဋ္ဌိ ဖြုတ်နိုင်မှာ၊
မြင်မှု၊ ကြားမှု။ နမ်းရှုမှု ၊ စားမှု၊ ထိမှု ၊ တွေးကြံမှု တို့ သည် သဘောသက်သက် ပရမတ်တရားများသာဖြစ်သည်၊ ကိုင်ပြ၍မရ၊ အလုံးအပြားကဲ့သို့ ပုံသဏ္ဍာန် မရှိ၊ သတ်မှတ်ပြရန်  အရောင်လဲမရှိ၊ စကားလည်းမပြောတတ်၊  ပုဂ္ဂိုလ်သတ္တဝါမရှိ ၊ငါ၊ သူတပါး၊ယောက်ျား၊မိန်းမလည်းမဟုတ်၊ သဘောသက်သက် ဓာတ်သဘောမျှသာဖြစ်ကြောင်း ဥာဏ်ဖြင့် ရအောင် ကြိုးစားကာ ဥာဏ်ကူ၍ ရှုမှတ်ကြပါ၊
၎) အဖြစ်ရှိ၍ အပျက်ကိုမြင်နေ
ထိုအာရုံဒွါရတိုက်၍ ဖြစ်ပေါ်လာသော -ခန္ဒာ ၅ ပါး သည် ဖြစ်ပြီးသည်နှင့် ချက်ချင်းပင် ပျက်ချုပ်သွားသည်။ နောက်စိတ်ဖြင့်ရှေ့ စိတ်ကိုပြန်ကြည့်လိုက်သော် - ရှေ့ စိတ်များချုပ်ချုပ်သွားသည်ကိုသိရမည်၊ နောက်စိတ် ဉာဏ်ဖြင့် ကြည့်လိုက်သည်နှင့် ရှေ့ စိတ်များ ဒလစပ်ချုပ်ပျောက်နေသည်ကို စူးစိုက်(သမထ)အားကောင်းလျှင် ကောင်းသလောက်မြင်နိုင်သည်၊
ရှေ့ စိတ် ချုပ်ပျောက်မှုကို နောက်ဥာဏ်က သိနေသည်၊
ရှေ့ ကရုပ်နာမ် ဖြစ်ပျက်နေသည်ကို နောက်ရုပ်နာမ် ကသိ သိနေခြင်းသည် တရားရှုမှတ် နေခြင်းပင်၊
၅)မြင်မှုသိမှု မပြတ်ရှု - အိပ်စဉ် နိုးစဉ် သတိယှဉ် - မပြတ်မလတ် သတိချပ်
ဝိပဿနာဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ဆင်ခြင်နေပါ။
ထိုသို့ အာရုံ နှင့်ဒွါရတိုက်ချိန် ပေါ်လာသော သဘောခန္ဓာ ( အသိဓာတ်လေးမျှသက်သက်) သည် ခဏပေါ် ချက်ခြင်းချုပ်၊ ခုပေါ် ခုချုပ်၊
ထို့ ကြောင့် မမြဲသော အနိစ္စလက္ခဏာ
မမြဲ ဆင်းရဲခြင်းသည် ဒုက္ခလက္ခဏာ
မခေါ်ဘဲနှင့်လာ မနှင်ဘဲနှင့်ပြန်သွားကြသော သူ့ သဘောသူဆောင် ကိုယ်မပိုင်ကိုယ်မဆိုင်သော အနတ္တလက္ခဏာ ပေတည်း။
အဆက်မပြတ် ဖြစ်ပေါ်လာလိုက် ချုပ်ပျောက်သွားလိုက် နှင့် တကယ်အရှိ အသိစိတ်သက်သက်မျှ သဘောလေးသက်သက်မျှသော ခန္ဓာ  အပေါ်တွင်  မပြတ်မလတ် သတိချပ်ကာ
ပစ္စုပန်တည့်တည့် ဥာဏ်ဖြင့်လှည့်ကာ အမှန်အတိုင်းမြင်အောင် အသာထိုင် ကြည့်နေရုံသာ၊
၆) လမ်းပေါ်မှ လမ်းမချော်ပါစေနဲ့ 
ပေါ်လာသော ခံစားသိစိတ်အပေါ်တွင် ကြိုက်မှု သာယာမှုရှိသွားလျှင် လောဘစိတ်၊ လမ်းပေါ်မှ လမ်းချော်သွားသည်ကို ချက်ချင်းသိလိုက်ပါ။
ပေါ်လာသော ခံစားသိစိတ်အပေါ်မှာ မကြိုက်မှု မလိုချင်မှုရှိသွားလျှင် ဒေါသစိတ်၊ လမ်းပေါ်မှ လမ်းလွဲသွားပြန်သည်ကို သတိဖြင့်ပြန်မှတ်ရှုလိုက်ပါ၊
ဖြစ်သမျှ၊ ပေါ်သမျှ ဖြစ်ဆဲ ရုပ်နာမ်အာရုံတို့ ကို သိသိနေ၊ သိသောရှေ့ စိတ်ကိုနောက်စိတ်နှင့်မရှိ ပျောက်ချုပ်မှုကို မပြတ်သိမှတ်နေခြင်းသည် ဝိပဿနာဘာဝနာကိစ္စပင်။
ချုပ်ပျောက်ခြင်းကို တွေ့ ခြင်းဖြင့် -ဘာမှမရှိတာသိနေခြင်းမည်၏၊  ဘာကိုမှစွဲလန်းစရာမရှိ၊ ထိုသို့ သိနေသော အေးချမ်းမှုအစစ်သည် အနှစ်သာရပင်၊ နိဗ္ဗာန်အမြင်ပေတည်း၊
၇) ပစ္စုပ္ပန်တည့်တည့် - ဖြစ်ဆဲကိုကြည့်
အတိတ်ကို ပြန်မတွေးနှင့်၊ အနာဂတ်ကိုလဲ ကြိုမတွေးနှင့်၊
ပစ္စုပ္ပန်တည့်တည့်တွင် အာရုံ နှင့် ဒွါရတိုက်၍ ဖြစ်လာသော ချက်ခြင်း ချုပ်ပျောက်သွားသော သဘောသက်သက်မျှသာရှိသည့် အသိစိတ်များ  (သို့ ) သဘော ခန္ဓာများကို အဖန်ဖန် အကြီမ်ကြီမ် ဝိပဿနာဉာဏ်ဖြင့် မပြတ်မလပ် တရစပ် သွားဆဲသွားစဉ်၊ ရပ်ဆဲရပ်စဉ်၊ ထိုင်ဆဲထိုင်စဉ် ၊လှုပ်ရှား နေစဉ် နှင့် နေ့ စဉ် ဝိရိယစွမ်းအားကြီးစွာဖြင့်  ရှုမှတ်ခြင်းသည် နိဗ္ဗာန်သို့ တိုး၍တိုး၍ သွားနေ သော နိဗ္ဗာန်နှင့် နီး၍နီး၍ သွားနေသော ခြေလှမ်းများပင်၊
နေစဉ် နှင့် နေ့ စဉ် ကျင့် ကြံ ရှုမှတ်ပါ က-နိဗ္ဗာန်သည် ခရီးမဝေး အနီးလေးပါ၊ -တနေ့ တစ်လံ ပုဂံဘယ်ရွှေ့ ဆို သကဲ့ သို့ လိုရာပန်းတိုင်ရောက်မည်သာ၊ လမ်းဆုံးလျှင် ရွာရောက်မည်သာ၊ နိဗ္ဗာန်ချမ်းသာကို မမြဲဧကန် တွေ့ ကြုံရပေမည်၊
၈)ငါ - ကို မချစ်နဲ့ ၊ဝိဥာဏ်စိတ် နှင့် ငါ မရောစေနဲ့ ၊သူဘဲ ငါဘဲ အထင်မလွဲ ပါနဲ့ ။
ပေါ်လာသည့်စိတ်များကို ” ငါ ” နှင့် မရောစေနှင့်၊ ရောမိလိုက်လျှင် ငါကြိုက် လောဘ၊ ငါမကြိုက် ဒေါသ၊ ငါ ငါ့ဥစ္စာ ငါပိုင် ငါဆိုင် ဒိဋ္ဌိစွဲများပေါ်ကာလမ်းပျောက်ရပေမည်၊
သမာဓိ၊ ပညာ နှစ်ပါးစုံလင်ပြည့်စုံလာချိန် - ဥာဏ်အမြင်ပေါ်ကာ အမှန်ကိုသိ၍ အမှားကိုပယ်ပေမည်။
မြတ်စွာဘုရားသည် ဗာဟိယသုတ္တန်၌ အာရုံ ၆ ပါး တို့ နှင့် ဒွါရ ၆ ခုတို့ ဆုံခိုက် ဖြစ်ပေါ်လာသော စိတ်ဝိဥာဏ် ၆ မျိုးတို့ ဖြင့်
-  မြင်သိစိတ် ဖြစ်ခိုက် ” မြင်သည် ” ဟု မြင်ကာမျှကို သိမှတ်ရန်၊
- ကြားသိစိတ် ဖြစ်ခိုက် ” ကြားသည် ”
- နံသိစိတ် ဖြစ်ခိုက် ” နံ သည် ”
-  စားသိစိတ် ဖြစ်ခိုက် ” စားသည် ”
-  ထိသိစိတ် ဖြစ်ခိုက် ” ထိသည် ”
-  သိစိတ် ဖြစ်ခိုက် ” သိသည် ” ဟုသိမှတ်ရန် ညွှန်ပြတော်မူခဲ့သည်၊
ထိုသို့ မြင်ကာမျှ၊ ကြားကာမျှကို သိမှတ်နေမှုကြောင့်
အာရုံ ၆ ပါး အပေါ်တွင် ( အဆင်း၊ အသံ ၊ အနံ့ ၊ အရသာ၊ အတွေ့ ၊ အသိ )  အတ္တ ” ငါ ” ကို မမြင်နိုင်တော့ပေ၊
ဒွါရ ၆ ပါး အပေါ်တွင် လည်း ( မျက်စိ၊ နား ၊ နှာ၊ လျှာ ၊ ကိုယ်၊ စိတ် ) အတ္တ အနေဖြင့် ” ငါ ” ကို မမြင်ရပေ၊
ဝိဥာဏ်စိတ် ၆ ပါး အပေါ်တွင် လည်း (မြင်သိမှု၊ ကြားသိမှု၊ နံသိမှု၊ စားသိမှု ၊ ထိသိမှု၊ ကြံစည်သိမှု ) အတ္တအထင် ” ငါ ” မမြင်ရနိုင်တော့ပေ၊
ဒွါရ၊ အာရုံ၊ ဝိဥာဏ် လောကတို့ ၌ ” ငါ ” မမြင်သကဲ့သို့  ” သင် ” လည်း မရှိတော့ခြင်း သဘောသည်ပင်၊
” ငါ ” ဟူသည် အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိတို့ ကို ဆိုခြင်းဖြစ်၏၊
” ငါ ” ကို မမြင်တော့ခြင်းသည် အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိ ကွာခြင်း မည်၏၊
” ငါ ” မရှိ၊ အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိကွာ၍ ခန္ဓာမျှသာ မြင်သူသည် သောတပန်ဖြစ်တော့သည်၊
” ငါ ” ဟူသောအတ္တ ကို မမြင်တော့ခြင်းသည် ” ငါ ကိုကျောခိုင်းခြင်း ” ” ငါကို စွန့် ခွါခြင်း” ပင်၊
” ငါ မပါ၊ ငါ မရှိ၊ ငါမဖြစ်သည့် အနတ္တကို မြင်ခြင်းပင်၊ ” ငါဟူသော အတ္တကို တဒင်္ဂ၊ တဒင်္ဂ ပယ်သတ်နေခြင်းသည် တဒင်္ဂ အနတ္တထင်ခြင်း၊ တဒင်္ဂ နိဗ္ဗာန်ကိုမြင်မှုသဘောပင်၊
ပုထုဇဉ်တို့  သတ္တဝါတို့ သည် ခန္ဓာ ၅ ပါးကို  တဏှာ၊ မာန၊ ဒိဋ္ဌိ၊ တို့ ဖြင့်စွဲသူထားသောကြောင့် သံသရာတွင်ကျင်လည်ရသည်၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊တို့ မရှိသော် သံသရာပြတ်၏။
သတိနှင့် ဥာဏ်ယှဉ်တွဲ ရှုမှတ်နေခဲ့ သော်ကြောင့် ဖြစ်ပေါ်နေသောရုပ်သက်သက် (မပြတ်မလတ်ဖောက်ပြန်နေမှု) နာမ်သက်သက်(မပြတ်မလတ်ခံစားသိမှု) တို့ အပေါ်မှာ ငါမပါ၊ သူမပါ၊ ယောက်ျား၊မိန်းမ မပါ၊ အတ္တဒိဋ္ဌိမှ ကင်းပြတ်နေမှုကြောင့် ငါဟု မစွဲလမ်း၊ ငါဟု မတပ်မက် မချစ်ခင်တော့၊ ငါ၏ ကိုယ်စိတ်ဆင်းရဲခြင်း စိုးရိမ်ပူဆွေး ငိုကြွေးလောင်မြိုက်ခြင်းမှ ကင်းလာပေမည်၊
ငါ့ ကိုယ်ငါ အချစ်ဆုံးဟုထင်ခဲ့ ရာမှ၊ အချစ်ဆုံး ငါကိုမုန်းချင်လာမည်၊ စက်ဆုတ်ရွံရှာလောက် အောင်တစက္ကန့် မပြတ်မလတ် ဖောက်ပြန်နှိပ်စက်နေသော မိမိ၏ခန္ဓာကြီးကိုစွန့့်ပြစ်ချင် လောက်အောင်မုန်းလာမည်၊ မိမိခန္ဓာကြီးကိုစွန့် ပစ်ကာထွက်ပြေး ချင်စိတ်ဖြစ်လာမည်၊ ထိုသို့ စက်ဆုတ်ရွံရှာမုန်းတီးလာအောင်ထိ ရှုရမည်၊၊
တဖန် ထိုသို့ မုန်းတီးစွန့် ပြစ်ချင်သောစိတ်များကို ပြန်လည်၍ အေးချမ်းသောစိတ်ကလေးဖြင့် ချစ်ခြင်း မုန်းခြင်းကင်းသော ဥပက္ခောစိတ်ဖြင့် ရုပ် ဖြစ်ပျက်၊ နာမ် ဖြစ်ပျက်များကိုဆက်၍ ရှုပါလေ၊
ငါဆိုတဲ့  အချစ်ဆုံးကိုမုန်းပြီဆို - အဆုံးနိဗ္ဗာန်မြင်မည်သာ။
ဓမ္မစာမျက်နှာ (၂၅)
PLEASE CLICK SAYADAW PICTURE TO READ PDF.
ဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက်  သောတာပန်တည်ရန် အဂါင်္ ၄ ပါး
၁)သစ္စာတရားဟောပြနိုင်သောဆရာကောင်းကိုရှာဖွေရမည်။ (သပ္ပုရိသ သံသေဝ )
၂)တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )
၃)နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။ ( ယောနိသော မနသီကာရ )
၎) လောကုတ္တရာ တရား ၉ ပါး အားလျော်သောအကျင့် ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )
၁)သစ္စာတရားဟောပြနိုင်သောဆရာကောင်းကိုရှာဖွေရမည်။ (သပ္ပုရိသ သံသေဝ )
သစ္စာတရားဟောတတ်သောဆရာသမားကောင်းရှိခြင်း၊ တွေ့ ခြင်းသည် အလွန်အရေးကြီးလှသည်၊
သစ္စာတရားများကို ခန္ဓာဥာဏ်ရောက်အောင် သင်ပြပေးနိုင်သောဆရာကောင်း အရိယာသူတော်ကောင်းများ ထံမှ အဖိုးမဖြတ်နိုင်သည့် အဆုံးအမစကားများသည် သိမ်မွေ့ နက်ရှိုင်း ခက်ခဲလှသော ငါ ယောင်ယောင်အယူမှား အမှတ်မှား အထင်မှား အစွဲမှား များကို အချိန်တိုတိုအတွင်းမှာ အမြင်မှန် လမ်းမှန်သို့ လျှောက်စေ ရောက်စေနိုင်သည်၊
ယထာဘူတံ ဥာဏာယ သတ္တာ ပရိယေသိတဗ္ဗာ - ယထာဘူတဥာဏ်ရနိုင်ဘို့ ရန် ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည် ၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်၊
ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ထိုထိုဆရာသမားတို့ ၏စောင့်ရှောက်မှုကိုခံရခြင်း၊ အဆုံးအမစကားများနာကြားရခြင်းသည် အရိယာမဂ်ဆိုက်ဘို့ ရန် နိဗ္ဗာန်ရောက်ဘို့ ရန်  ၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရားမိန့် ကြားခဲ့ သည်၊
ဘဝသံသရာကြီးမှ လွတ်မြောက်ဘို့ ရန် ဆရာကောင်းရှိရမည်၊ဆရာကောင်း၏အဆုံးအမများသည် နိဗ္ဗာန်အမြင်ရနိုင်ဘို့ ရာဦးတည်လျက် သုတမယဥာဏ် ( သုတ = ကြားခြင်း မယ = ပြီးမြောက်ခြင်း) အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်၊
ဥပမာ- အာရုံ ဒွါရတိုက်၍ ပေါ်လာသမျှသော စိတ် (သဘောခန္ဓာများ) သည် ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ) မမြဲ၊ ( ဒုက္ခ) ဆင်းရဲမှုသက်သက် ၊ ဒုက္ခသစ္စာ၊ သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ) ဓာတ်သဘောမျှသာဖြစ်သည်ဟု အဖိုးမဖြတ်နိုင်သောသစ္စာဆိုက်တရား ပြောပြ ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့် ကိလေသာများ တစတစ ခန်းခြောက်ရတော့မည့် ပါရမီရှင်ဖြစ်ကြရပေမည်၊
သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာဆိုက်ခန္ဓာဥာဏ်ရောက်တရားများကိုဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀ % လွတ်မြောက်ရန်သေချာပေသည်ဟု မှတ်ချက်ချလိုက်ပါ၊
၂)တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )
ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို နာကြားခြင်းသည်အဖိုးမဖြတ်နိုင်သောတရားထူးရရန် အလွန်အရေးကြီးပေသည်။
၊အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊ တရားနာခြင်းသည်လွန်စွာအကျိုးများပေသည်၊ ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်၊
တရားနာ တရားအားထုတ်သည် ဆိုသည်မှာ အစာစားသကဲ့ သို့ ၊ ခန္ဓာကိုယ်အတွက် အာဟာရသည်အထောက်အပံ့ တခုဖြစ်သဖြင့် ဆာလည်းစား ၊ မဆာလဲစား ၊ ကြိုက်လည်းစား ၊ မကြိုက်လည်းစား၊ စားချင်လည်းစား၊ မစားချင်လည်းစား ရမည်သာ၊ ထို့ အတူ တရားနာခြင်းအလုပ်ကို နာချင်လည်းနာ၊ မနာချင်လည်းနာ သင့်သည်၊ တရားအားထုတ်ခြင်းကိုလည်း အားထုတ်ချင်လည်းထုတ်၊ အားမထုတ်ချင်လည်းထုတ်သင့်ပေသည်။
ဘုရားစကားများအဆုံးအမ များကို နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား အဆုံးအမများကို တရားနာယူ ကျင့်သုံးမှသာ သိနိုင် နားလည်နိုင်သည်၊ လောကစကားတွေအားလုံးနားလည်လာမည်၊
အရိယာသူတော်ကောင်းများသည် ရုပ် ရယ်၊ နာမ် ရယ် ၊ တရားရယ် ထို သုံးဦးနှင့်သာ ပျင်းရိခြင်းမရှိ အဖော်ပြုနေ ကြသည်၊
ပုထုဇဉ်များ မကောင်မှုများလုပ်၊ မကောင်းသည်များပြော၊ မကောင်းမှုများကြံစည် နေကြခြင်းသည်မှာ အဆန်းမဟုတ်ပါ၊ သူတို့ မကောင်းသည်မှာ ကိုယ်နှင့်မဆိုင်၊
ကိုယ့်အလုပ်သည် တရားရဘို့ ၊ တရားရှုမှတ်ဘို့ သက်သက်သာ၊ တရားနှင့် နေကာ တရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက် စီးပွားရှာရင်း၊ တရားရအောင်တရား နာ၊ တရားရှိအောင် တရား ရှုမှတ်ကြရမည်သာ၊
၃)နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။ ( ယောနိသော မနသီကာရ )
တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့် နိုးထခြင်း၊ တရားနှင့်နေ့ စဉ် နေစဉ် မွေ့ ပျော်ခြင်း သည် အပ္ပမာဒတရား မမေ့မလျော့တရားနှင့် နေခြင်းမည်၏၊
မည်သည့် ပုဂ္ဂိုလ်မဆို အဖိုးတန်လှသော သာသနာတွင်းကာလနှင့် ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။ တရားအားထုတ်ဘို့ ရန် အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်၊ သေချင်သည်ဖြစ်စေ၊ မသေချင်သည်ဖြစ်စေ မုချမသွေ သေကြရမည်သာ၊ သေချိန်ရောက်သော် မအားသေး ဟုပြော၍ မရ၊
ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”အလုပ်သာဖြစ်သည်၊
သတိသည်အရေးအကြီးဆုံး၊ ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်း ဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသောအာရုံများ မနှင်ဘဲ ပျောက်ပျောက်ကာ သွားကြသည်ကို မြင်အောင်ကြည့်ပါ၊
ဖြစ်လာကာ ပျောက်သွားသော အာရုံအားလုံးကို သိ သိ သိ သိ နေမှုသည် တရားရှုမှတ်ခြင်းမည်၏၊ တခြားလူသိစရာမလို ။ ကိုယ်၏စိတ်အလုပ်ကိုယ်သာသိနေစေ၊  သတိမြဲစေ၊ ကြာကြာရှုနိုင်လေ ကိလေသာကြားမခိုလေပါဘဲ၊
( Be a passive observer to all uninvited senses )
ပေါ်တိုင်းပေါ်တိုင်း သိသိနေ၊ သိသိစိတ်ကို ဥာဏ်နဲ့ ကြည့်၊ မရှိတာတွေ့ တာဥာဏ်ကူတာ၊ သိတဲ့ စိတ်ကို  ” ငါ ” မရောစေနဲ့ ၊
ဝိပဿနာတရားအားထုတ်ခြင်းသည် စိတ်ကိုပြု ပြင်သောအလုပ်၊ အဝတ်ပြောင်းစရာ၊ ဂူအောင်းစရာ မလို၊သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊ ထရင်း၊ စကားပြောရင်း၊ အလုပ်လုပ်ရင်း ရသမျှအချိန် ရသလို သတိရှိကာ နှလုံးသွင်းနေရန်သာ။
မြင်သည့်အပေါ် ကြားသည့်အပေါ် အနံ့ ရသည့်အပေါ် စားသည့်အရသာအပေါ် ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊ သတိထားလျှင် တရားမြင်မည်၊ သတိမထားရင် အမှားဝင်မည်၊
၎) လောကုတ္တရာ တရား ၉ ပါး (မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ) အားလျော်သောအကျင့် ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )
သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍  ဝိပဿနာဘာဝနာ ကို နေစဉ်ရော၊ နေ့ စဉ်ပါ  ရှုပွား ကျင့် သုံးရမည်၊
ခန္ဓာကသူ့ တရားသူပြမည်၊ ကြည့်တတ်ဘို့ ကအဓိက၊ တရားအားထုတ်ရာ နည်းမှန် လမ်းမှန် အားထုတ်ပါက အတော်သက်သာသောအလုပ်ဖြစ်သည်။ အလွန်အေးချမ်းသောအလုပ်၊ အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍ ကျင့်သုံးသင့်ကြပေသည်၊
ခန္ဓာကပြသော အရှိ ( ရုပ်သဘော၊ နာမ်သဘော ) ကို အသိ ( ပညာဥာဏ် ) ဖြင့် ပစ္စုပ္ပန် တည့်တည့်တွင် သတိထားကြည့်နေရုံသာ၊
အပြင်မှာ လောကဓံများ မည်သို့ ပင်တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း အေးချမ်းအောင်နေတတ်ရမည်၊၊ တရားသိအောင် တရားနာ၊ တရားရှိအောင် တရားရှု၊ တရားအားထုတ်ရင်းနေတတ်သူ သည် အရှုတ်ထဲမှာ ရှင်းအောင်နေတတ်သူမည်၏၊
တရားသိမှ တရားမြင်မှ တရားရှိမှ တရားကျင့်မှ  အကုသိုလ်ပယ်၊ ကုသိုလ်နှင့် ကယ်နိုင် ဆယ်နိုင်မည်၊ အရှုံးထဲမှ အမြတ်များရလာမည်၊ လောကီတဘဝချမ်းသာထက် လောကုတ္တရာ တသံသရာလုံးမှာ ချမ်းသာမည့် ဝိပဿနာအလုပ်လုပ်ရခြင်းသည် သေချာပေါက်အကျိုးရှိမည်ကို တရားရှိ၊ တရားသိမှသာ အမှန်မြင်လာနိုင်သည်၊
စိန္တာမယဥာဏ် (စိန္တာ =ကြံခြင်း၊ မယ = ပြီးမြောက်ခြင်း) ကိုယ့်ခန္တာကိုယ်ကိုဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့် အပြီးအစီးသို့ ရောက်သောဥာဏ်၊  ထိုဥာဏ်သည် ကိလေသာခန်းခြောက်ရုံသာမက ကိလေသာ ပျောက်စေသည်။ တရားနာလျှင် ကိလေသာ ခန်းခြောက်စေကာ ကိုယ်တိုင် တရားရှုမှတ်ပွား များလျှင် ကိလေသာတစတစ ပျောက်ကာ ဒိဋ္ဌိ၊ ဝိစိကိစ္စပယ်သတ်က အရိယာ သောတပန်ဖြစ်ပေမည်၊
ဆရာကောင်း၏သစ္စာဆိုက်တရားများလိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ ကောင်းအောင် ကိလေသာပျောက်တရားများ ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီးပေသည်၊
အရေးကြီးသော ဆရာ ရော၊ ဒကာ ရော နှစ်ဦးစလုံးကောင်းပါက သာသနာကြီးဆိပ်ကွယ်ပျက်သုံး လိမ့်မည်မဟုတ်ပါ၊ ဆရာ့စကားတသွေမသိမ်းလိုက်နာသော ဒကာ၊ဒကာမ များသည် သာသနာကြီးမပျက်စီး၊ မညစ်နွမ်းရလေအောင် သာသနာကို စောင့်ရှောက်သောသူများ အဖြစ်အမြဲ ရပ်တည်နေနိုင်မည်သာ၊
ကိလေသာများကို စိတ်ဖြင့် ဖြတ်ရမည်၊ စိတ်ကို တရားဖြင့် ပြုပြင်ရမည်၊ တရားရှိအောင် တရားအားထုတ်ကြရမည်၊ တရားကသာ ကိလေသာကို ဖြတ်နိုင်၊ ပြတ်နိုင်အောင် လုပ်ပေးမည်သာ၊ အကုသိုလ်ကို ပယ်သတ်မည်သာ၊
ဓမ္မစာမျက်နှာ (၂၄)
မြုတ်-မျော-ပေါ်-လွတ် တရားများ
PLEASE CLICK SAYADAW PICTURE FOR DETAIL.
အသေးစိတ်ဖတ်လိုလျင် ဆရာတော်၏ဓာတ်ပုံနှိပ်ရန်၊
တနေ့ ထက်တနေ့ ၊တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ် သေဖို့ ရာ နီးနီးလာသည်ဟု ရှု
အရိယာအရှင်မြတ်တို့ တွေ့ သော အပူငြီမ်းရာ နိဗ္ဗာန်သို့ သာရောက်ရပါစေသား၊
ဒီလောကအမှောင်တွင်းတော့
ရှောင်ကွင်းလို့ ပယ်ပြီ
ရောင်ကင်းတဲ့ ကေသီနယ်
အေကသီ ဆင်မြန်း
သမုဒယ ဝဋ်ကျိုးနှောင်ကို
ဇွတ်မတိုးပေါင်အခုတော့ ရွယ်မှန်း
ဓမ္မစာမျက်နှာ (၂၃)
ပင်လယ်ကြီးဘယ်လောက်ကျယ်ကျယ် ကူးနိုင်ပါတယ်။
မြုတ်-မျော-ပေါ်-လွတ် တရားများ
PLEASE CLICK SAYADAW PICTURE FOR DETAIL.
အသေးစိတ်ဖတ်လိုလျင် ဆရာတော်၏ဓာတ်ပုံနှိပ်ရန်၊
ဘဝသံသရာပင်လယ်ကြီးကို လွတ်မြောက်ဘို့ ရန် ဆရာကောင်းရှိရမည်၊
သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာဆိုက်တရားများကိုဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀ % လွတ်မြောက်ရန်သေချာပေသည်၊
သောတပတ္တိမဂ် ရဘို့ ရာ ဆရာက ပင်ပန်းသည်၊
တပည့်ကို ပညတ် ပရမတ် များ ကွဲပြားအောင်သင်ပေးနိုင်ခြင်းသည် အဖိုးတန်ဆုံးပင်၊
ပရမတ်ကိုမြင်သော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကိုမြင်အောင် ဥပမာ၊ ဥပမေယျများနှင့်ရှင်းပြပေးခြင်းသည် အဖိုးမဖြစ်နိုင်သော သံသရာလွတ်စကားများပင်၊
ပင်လယ်ကြီးဘယ်လောက် ကျယ်ကျယ် ဗိုလ် ၅ ပါးနှင့် ကူးနိုင်ပါလိမ့်မယ်၊
(သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ)
သဒ္ဓါ သည် အရေးကြီးဆုံး၊ သဒ္ဓါ၏ အစွမ်းသည် နိဗ္ဗာန်လမ်းသို့ ဆွဲခေါ်နိုင်သော စွမ်းအားရှိသည်။ သံသရာမှလွတ်ရန် သဒ္ဓါအားဖြင့် အရင်းတည် သတိ ဝီရိယ သမာဓိ ပညာ အားများဖြင့် တဘက်ကမ်းသို့ အရောက်ကူးနိုင်ပေမည်။
ရုပ်ကို လှေလိုသုံး၊ စိတ်ကို ပဲ့ ကိုင်လိုထား၊ သပ္ပုရိသဆရာညွှန်သည့်အတိုင်း ဦးတည့်၍သွား
မြုတ်တရား
မျောတရား
ပေါ်တရား  (ပေါ်ပြီး၍ လမ်းမှန်ကိုရှာဖွေကာ)   သောတာပန်
(လမ်းမှန်ရာသို့ မရပ်မနား တအားကူးခတ်လေတော့)သကဒါဂမ်
(ကမ်းတဘက်သို့ ရောက်ခါနီးမို့ ခြေထောက်မိရာမှ)အနာဂါမ်
(ကမ်းတဖက်ကို ရောက်ကာ လွတ်မြောက်လေပြီ) ရဟန်းတာ
ဓမ္မစာမျက်နှာ (၂၂)
ဆဆက္ကသုတ် ဒိဋ္ဌိဖြုတ် အပိုင်း (၂)
PLEASE CLICK SAYADAW PICTURE FOR DETAIL.
အဂ္ဂိဝစ္ဆသုတ်တွင် မြတ်စွာဘုရားဟောကြားခဲ့ သည်မှာ
ရုပ်သည် လှေ ကဲ့သို
( ရုပ်ကိုမှီ၍ဝိညာဏ်ဖြစ်၊ရုပ်ကစကားမပြော၊မခံစားတတ်၊)
ဝိညာဏ်စိတ်သည်လှေဦးစီး လှေကိုလိုရာသို့ ပဲ့ကိုင်နိုင်သကဲ့သို့ 
(စိတ်သည်အာရုံကိုသိတတ်သောသဘောတရားရှိ၏။ )
ဝေဒနာ စေတသိက်သည် လှေဦးစီးကို ကူညီသကဲ့သို့ 
ဝိညာဏ်စိတ်ကို မှီတွယ်ချယ်လှယ်ထောက်ပံ့ သကဲ့သို့  (အာရုံ၏အရသာကိုခံစားခြင်းသဘော သုခ ၊ ဒုက္ခ ၊ အဒုက္ခ မသုခ ဝေဒနာ)
သညာစေတသိက် လှေဦးစီးကို ကူညီသကဲ့သို့ 
ဝိညာဏ်စိတ်ကို မှီတွယ်ချယ်လှယ်ထောက်ပံ့ သကဲ့သို (အာရုံကို မှတ်သားခြင်းသဘော)
သင်္ခါရကျန်၅၀စေတသိက်များသည် လှေဦးစီးကို ကူညီသကဲ့သို့ 
ဝိညာဏ်စိတ်သည်သာ အဓိက လှေကိုလိုရာသွားစေသူ
ရုပ်နှစ်ခုတိုက်၍ ဖြစ်လာသောဝိဥာဏ်စိတ်(သဘော ခန္ဓာ ၅ ပါး) ကိုနှလုံးသွင်းမှားသောကြောင့် ငါ၊ ငါ့ဥစ္စာ၊ ငါပိုင်ငါဆိုင် ဟုဒိဋ္ဌိအယူစွဲခြင်း
More Articles...