
သင့်ရာဒေသ နိုင်ငံရပ်ခြားတွင် နေထိုင်ကြသော်လည်း (ပတိရူပဒေသဝါသ) ကုသိုလ်လွယ်ကူစွာပြုနိုင်သည့်အရပ်ဖြစ်ရန် ဘုရားကျောင်းကန်သွားလို့ အဆင်ပြေတဲ့နေရာ၊ တရားလမ်းမှန်ကို ညွှန်ပြဟောပြောတတ်တဲ့ ဆရာကောင်းသမားကောင်းရှိမယ့်နေရာ၊ ဒါန သီလ ဘာဝနာ အမှုပြုလို့ လွယ်တဲ့နေရာ၊ သူတော်ကောင်းတွေကို ဖူးမြော်ဖို့ လွယ်ကူတဲ့နေရာဟာ မိမိတို့အတွက် သင့်တော်တဲ့ အရပ်ဒေသပါပဲဟု ဆုံးမစကားများကို အရင်းခံ၍ “နန္ဒသစ္စာ ထေရဝါဒ ဗုဒ္ဓဘာသာ တရားရိပ်သာ”ကို နေ့စဉ်နှင့်အမျှ ကုသိုလ်များလုပ်နိုင်ရန် ရည်သန်၍ နိုဝင်ဘာလ ၂၀၀၇ တွင် စတင်ခဲ့ပါသည်။ “သာသနဝိပုလာ သိမ်ကျောင်းတော်”ကို ဇန်နဝါရီလ ၄ ရက် ၂၀၀၉ ခုနှစ်တွင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာ အရှင်ကောဝိဒနှင့် သံဃာတော်များ၏ ကျေးဇူးဖြင့် ဗုဒ္ဓဘာသာ သာသနာ၏ အသက်သွေးကြောအတွက် ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။ မိမိနှင့်အတူ မိမိပတ်ဝန်းကျင်ရှိ မိတ်ဆွေများအားလုံး သူတော်ကောင်း စိတ်ဓာတ်ဖြင့် ဒါန သီလ ဘာဝနာကုသိုလ်ကိစ္စများကို ပျော်ပျော်ရွှင်ရွှင် ညီညီညွှတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
နန္ဒသစ္စာအလှူရှင်
နန္ဒသစ္စာသာသနာ့အကျိုးဆောင်ရွက်မှုများမှတ်တမ်း
သာသနဝိပုလသိမ်ကျောင်းတော်သမုတ်ခြင်း မဇ္ဈိမဂုဏ်ရည်အရှင်ကောဝိဒအား သိက္ခာထပ်ခြင်း ဇန်နဝါရီလ-၄ ရက်-၂၀၀၉
သာသနာအတွက်သံဃာတော်၏ဂုဏ်ကိုရည်မှန်း၍ထောက်ပံ့ပူဇော်ခြင်း MRTV4 interview ၂၀၀၈-၂၀၀၉
မြောက်ဦးဆရာတော်ဝနဝါသီအရှင်ဝါယာမိန္ဒအား ၃၅၃ ကြိမ်မြောက် သိက္ခာထပ်ခြင်း ဇွန်လ ၂၀ ရက် ၂၀၁၀
သံဃာတော်များဖြင့် ဘုရားအနေကဇာတင်ပူဇော်ခြင်း ဇွန်လ ၂၀ ရက် ၂၀၁၀
နန္ဒသစ္စာမှဖိတ်ခေါ်သံ
အမှောင်ထဲမှာ မနေဝင့်တာမို့ 
သာသနာ့အလင်းရောင် ပေးဆောင်ကာ
ကိုယ်ရောစိတ်ခွာ တောမှာလိုနေထိုင်ကျင့်စေဘို့ 
နန္ဒသစ္စာသိမ်နေရာဝယ် မနှေးအမြန်ပြေးကာကြွလာကြပါတော့
အို အရိယာအရှင်သူတော်မြတ်တို့ ဘုရား




